MENU

Fun & Interesting

ဒေါ်ကြူကြူလှနှင့် သူ၏ တန်ဖိုးကြီး လက်ကိုင်အိတ်များ (ရုပ်/သံ)

The Irrawaddy News 326,866 lượt xem 2 months ago
Video Not Working? Fix It Now

ဧရာဝတီ၊ ဇန်နဝါရီ ၁၄၊ ၂၀၂၅

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ ကိုင်သော လက်ကိုင်အိတ် ၁၅ လုံး၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၇၅,၀၀၀ ကျော်ရှိသည်။ မြန်မာငွေနှင့်တွက်ပါက လက်ကိုင်အိတ် ၁၅ လုံး၏ တန်ဖိုးမှာ ကျပ်သိန်းပေါင်း ၁ သိန်းကျော် ဖြစ်သည်။

ဒေါ်ကြူကြူလှ ကိုင်ခဲ့သည့် လက်ကိုင်အိတ်များထဲတွင် ကမ္ဘာကျော်အမှတ်တံဆိပ်ဖြစ်သော Hermes အား အရောင်မျိုးစုံ ပြောင်းကိုင်ကြောင်း တွေ့ရပြီး LV အမှတ်တံဆိပ် လက်ကိုင်အိတ်များကိုလည်း ကိုင်ကြောင်း တွေ့ရသည်။

ဒေါ်ကြူကြူလှ ကိုင်ခဲ့သည့် လက်ကိုင်အိတ်များအနက် ဈေးအကြီးဆုံး လက်ကိုင်အိတ်မှာ Hermes တံဆိပ် အနက်ရောင်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၇၇,၅၀၀ တန်ကြေးရှိသည်။ မြန်မာငွေနှင့်တွက်ပါက သိန်း ၃,၁၀၀ ကျော် တန်ကြေးရှိသည်။ အဆိုပါ လက်ကိုင်အိတ်ကို မိချောင်း သားရေဖြင့် လုပ်ထားပြီး ရွှေအစစ်များပါ ထည့်သွင်း အသုံးပြုထားသည်။

ဒေါ်ကြူကြူလှသည် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သတင်း ကျော်ကြားမှုအား မနာလိုဖြစ်ကာ ပုဂ္ဂိုလ်ရေးအရ မုန်းတီးသူတဦးလည်း ဖြစ်သည်ဟု CDM စစ်ဗိုလ်အသိုင်းအဝိုင်းက ဆိုသည်။

#မြန်မာ #ဧရာဝတီ #ဒေါ်ကြူကြူလှ #မင်းအောင်လှိုင် #လက်ကိုင်အိတ် #Hermes #LV #YSL
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

Comment