သီးစုံ ထိုးမုန့်
ဒီတခေါက်ကတော့ လူကြိုက်များပြီး အမေးများတဲ့ သီးစုံထိုးမုန့်ကောင်းကောင်းလေးကို ဘယ်လိုလုပ်လဲဆိုတာ လုပ်ပြထားပါတယ်နော်။ ထိုးမုန့် လုပ်နည်းကို သေချာသိရင် လက်ညောင်းသက်သာပြီး ဘယ်လိုကောင်းအောင်လုပ်ရမလဲဆိုတာ သိလာမှာပဲဖြစ်ပါတယ်။ သီးစုံထိုးမုန့်မှာ အုန်းသီးဖတ်ရယ်၊ သီဟိုဠ်စေ့ရယ်၊ မြေပဲလှော်ရယ်၊ ဖရုံယိုရယ် ပါဝင်လို့ မွှေးကြိုင်နေပြီး အလွန်ကိုစားလို့ကောင်းပါတယ်။ ကဲ သီးစုံ ထိုးမုန့်ကောင်းကောင်းလေးကို လုပ်စားဖို့အတွက် ဒီ Video လေးကို ကြည့်ကြည့်လိုက်နော်။
ပါဝင်သောပစ္စည်းများ
၁။ မွှေး ကောက်ညှင်းမှုန့် - ၄ ခွက် (သို့) ထမင်းစားဇွံန်း ၆၄ ဇွန်း
၂။ အုန်းသီးခြစ်ဖတ် - ၁ ခွက် (သို့) ထမင်းစားဇွန်း ၁၆ ဇွန်း
၃။ သကြား - ၂ ခွက်ခွဲ (သို့) ထမင်းစားဇွန်း ၄၀ ဇွန်း
၄။ ရေ - ၄ ခွက် (သို့) ၁ လီတာ
၅။ ထောပတ် - ၁ ခွက် (သို့) ထမင်းစားဇွန်း ၁၆ ဇွန်း
၆။ ဆီ - ထမင်းစားဇွန်း ၄ ဇွန်း
၇။ မြေပဲလှော်ထောင်း - ထမင်းစားဇွန်း ၄ ဇွန်း
၈။ ဖရုံယို - ထမင်းစားဇွန်း ၄ ဇွန်းစာ
၉။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၁၀။ သီဟိုဠ်စေ့ - လိုသေလာက်
(၁ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း = ၂၄၀ ml)
(လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon = 5 ml)
(ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon = 15 ml)